Home
မြန်မာသတင်း
ငါးပိအိုးရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်မီးရှို့၊ ၂ ဦး သေဆုံးပြီး အိမ်ခြေ ၁၀၀ ကျော် ပြာကျ
DVB
·
February 25, 2022
274737157_1150870508982137_5661972125097996042_n
274726170_1150870565648798_1568291958059477195_n
274552389_1150870622315459_7983696857837873099_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အရှေ့ဘက် အိမ်ခြေ ၁၉၀ ဝန်းကျင်ခန့်ရှိတဲ့ ငါးပိအိုးကျေးရွာကို စစ်ကောင်စီ တပ်သားတွေက ဖေဖော်ဝါရီ ၂၄ ရက် ည ၉ နာရီကျော် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့တာကြောင့် ရွာသား ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်​။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရွာကို မီးစတင်ရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပြာကျသွားခဲ့ပြီး အိမ်မွေး တိရစ္ဆာန်ဖြစ်တဲ့ နွားနဲ့ ဝက်တွေအများအပြား သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၅ ရက် မနက် ၆ နာရီအချိန်ကလည်း ရွှေဘိုမြို့ အနောက်ဘက်ရှိ နှမစားရစ်ကျေးရွာကို စစ်ကောင်စီ တပ်သားတွေရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အခုအချိန်ထိ မီးမငြိမ်းသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေကို ရုတ်တရက်ဝင်ရောက်ပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့အပြင် ကျေးရွာတွေကို မီးရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024