ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ ရင်ဆိုင်နေရတဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့အမှုကိစ္စ စွဲချက်တင်သင့်၊ မသင့်ကို လာမယ့် မတ်လ ၃ ရက်နေ့ ရုံးချိန်းမှာ လျှောက်လဲချက်ပေးမှာ ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေအကျဥ်းထောင်တရားရုံးမှာ ဖေဖော်ဝါရီလ ၂၃ ရက်က နောက်ဆုံး စစ်ဆေးဖို့ကျန်ရှိတဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးပြီးတဲ့အချိန်မှာ အခုလို ရုံးချိန်းလိုက်တာပါ။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုလုပ်တယ်လို့ဆိုပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀(က)နဲ့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီးတရားစွဲဆိုထားတာဖြစ်ပါတယ်။