Home
မြန်မာသတင်း
စစ်တွေတက္ကသိုလ်တွင် ကိုဗစ်ကူးစက်မှုများနေသော်လည်း ကျောင်းမပိတ်
DVB
·
February 17, 2022
273428830_477796297401768_26515344310115325_n

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ  ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၂ ယောက်ကို ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးတွေ့ရှိခဲ့တဲ့အထဲ အယောက် ၅၀ ကျော်က စစ်တွေ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေအပါအဝင်  ပညာရေးဝန်ထမ်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ပညာရေးဝန်ထမ်းတွေအများအပြား ရောဂါပိုးကူးစက်ခံထားရပေမယ့် တက္ကသိုလ်ကိုတော့ ဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ကူးစက်ခံထားရသူတွေထဲက ၁၂  ဦးကတော့ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းဖြစ်တဲ့ အိုမီခရွန် ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းကိုပို့ထားတဲ့အတွက် ဖေဖော်ဝါရီလ ၁၈  ရက်မှ  အဖြေသိရမယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်မှာ ကိုဗစ်-၁၉  ကူးစက်ခံရသူ နောက်ထပ် ၅ ဦးတိုးလာတဲ့အတွက် စစ်တွေမြို့မှာ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၆၇ ဦး ထိရှိလာနေပြီဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးထားပြီးပြီလို့ ဆိုပေမယ့် ပေါ့ပေါ့ဆဆ မနေဘဲ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ကိုလည်း စစ်တွေဆေးရုံက ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။

လက်ရှိမှာတော့ ရောဂါပိုး ကူးစက်ခံထားရသူတွေကို စစ်တွေ တက္ကသိုလ်မှာရှိတဲ့ စောပြည့်ညိုအဆောင်မှာ  သီးသန့် ကွာရန်တင်း ထားရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024