Home
မြန်မာသတင်း
ပင်လည်ဘူးလမ်းပိုင်းတွင် ည ၆ နာရီ မှ မနက် ၆‌ နာရီအတွင်း သွားလာခြင်းမပြုရန် သတိပေး
DVB
·
February 17, 2022
273493171_477697577411640_6044590037026215563_n

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နဲ့  ဖောင်းပြင်မြို့ ကြားရှိ တောင်ပေါ်လမ်းပိုင်းကို ဖြတ်သန်းမောင်းနှင် သွားလာခြင်းမပြုဖို (ပလဘ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက် နေ့စွဲနဲ့ ဒုတိယအကြိမ် ထပ်မံသတိပေး ထုတ်ပြန်ပါတယ်။

ပင်လည်ဘူးမြို့တောင်ပိုင်းမှ ဖြတ်သန်းမောင်းနှင် သွားလာနေကြတဲ့ ခရီးသည်တင်လိုင်းကား၊ စပါးတင်ကား၊ လောင်စာဆီတင်ကားနဲ့ ကုန်တင်ကားကြီးတွေ ည ၆ နာရီ သတ်မှတ်ချိန်ရောက်ပါက ရောက်ရာနေရာမှာ ရပ်နားထားကြပြီး မနက် ၆ နာရီခွဲမှသာပြန်လည်မောင်းနှင်ထွက်ခွာကြဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

တားမြစ်ထားတဲ့အချိန်အတွင်း ဖြတ်သန်းမောင်းနှင်လာပါက စစ်ကောင်စီဘက်တော်သား သူလျှိုအဖြစ်သတ်မှတ်ကာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်တာ၊ ယာဉ်သိမ်းဆည်းပြီး ယာဉ်မောင်းကို အပြစ်ပေးအရေးယူမယ်လို ရေးသားဖေါ်ပြထားပါတယ်။

အဆိုပါလမ်းပိုင်းဟာ မန္တလေး ၊ မုံရွာကနေ ဖေါင်းပြင် ၊ ခန္တီး ၊ ဟုမ္မလင်း ၊ နောင်ပိုအောင် ၊ နမ့်တော စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မြို့တွေရွာတွေကို  ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရာ အဓိကလမ်းပိုင်းဖြစ်ပါတယ်။

ပင်လည်ဘူးမြို့ပေါ်နဲ့ မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူတွေ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်ဖွဲဝင်တွေက ပင်လည်ဘူးမြို့ပေါ်ရှိ အထပ်မြင့်အဆောက်ဦတွေပေါ်မှာ အသင့်နေရာယူထားတယ်လို့ မြို့ခံတွေက  ပြောပါတယ်။

ပင်လည်ဘူးမြို့ဟာ စစ်အာဏာသိမ်းပြီးနောက် လူထုသပိတ်ဖြိုးခွင်းဖမ်းဆီးရာက တက်ကြွလှုပ်ရှားသူနှစ်ဦး ဖမ်းဆီးခံရပြီးနောက် တူမီး‌လက်နက်နဲ့ ပထမဆုံး တော်လှန်တိုက်ခဲ့ရာ လူငယ်တွေ ထိခိုက်သေဆုံးခဲ့ရပြီး ယနေ့အချိန် တိုက်ပွဲပြင်းထန် တော်လှန်တိုက်ခိုက်‌နေတဲ့ ဒေသဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024