အာရှဒေသတွင်း ၂၀၂၂ ခုနှစ် ထိပ်တန်းတက္ကသိုလ်တွေစာရင်းကို ထုတ်ပြန်ရာမှာ စင်ကာပူနိုင်ငံ အမျိုးသား တက္ကသိုလ်-NUS က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ဒုတိယနေရာမှာတော့ တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်က ရပ်တည်နေပြီး သူ့နောက် တတိ ယနေရာမှာတော့ စင်ကာပူနိုင်ငံ နန်ယန်နည်းပညာတက္ကသိုလ်နဲ့ ဟောင်ကောင်နည်းပ ညာတက္ကသိုလ်တွေ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။
QS က နှစ်စဉ်ထုတ်ပြန်တဲ့ ဒီစာရင်းမှာတော့ အာရှနိုင်ငံတွေထဲက တက္ကသိုလ်ပညာရေးအ ဖွဲ့အစည်း ၆၈၇ ခုကို ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီထဲက တက္ကသိုလ် ၁၂၆ ခုကတော့ တရုတ်နိုင် ငံကဖြစ်ကာ သူ့နောက်မှာတော့ အိန္ဒိယနဲ့ ဂျပန်နိုင်ငံက တက္ကသိုလ်တွေ အများဆုံးပါဝင် နေတာ ဖြစ်ပါတယ်။
အခုနှစ် ၂၀၂၂ ခုနှစ်ရဲ့ အာရှထိပ်တန်းတက္ကသိုလ်တွေ အဆင့်သတ်မှတ်ရာမှာတော့ တက္က သိုလ်တခုချင်းစီရဲ့ ဂုဏ်သတင်းကျော်စောမှု၊ ကျောင်းသားနဲ့ ပညာရပ်ဆိုင်ရာဌာနအလိုက် အချိုး၊ ဘာသာရပ်ဆိုင်ရာကိုးကားချက်အချိုးနဲ့ နိုင်ငံတကာကျောင်းသားဦးရေအချိုးစတဲ့ ညွှန်ကိန်း ၁၁ ခုပေါ် အခြေခံပြီး တွက်ထုတ်ထားတယ်လို့ သိရပါတယ်။
အာဆီယံဒေသတွင်း ထိပ်တန်းတက္ကသိုလ် ၁၀ ခုစာရင်းမှာတော့ မလေးရှားနိုင်ငံက တက္ကသိုလ် ၅ ခုနဲ့ အများဆုံးပါဝင်နေပြီး စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေက တက္ကသိုလ် ၂ ခုစီနဲ့ အင်ဒို နီးရှားနိုင်ငံက တက္ကသိုလ် ၁ ခုစီ ပါဝင်နေတာကို တွေ့ရပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ အာရှဒေသအလိုက် ထိပ်တန်းတက္ကသိုလ်တွေကို ဖော်ပြထားခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ တက္ကသိုလ်တခုမှ ပါဝင်ခြင်း မရှိခဲ့ပါဘူး။