ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေတပ်ဗိုလ်မှူး မိသားစုနေအိမ်ကို အမျိုးသမီး PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရွှေစေတီလမ်းမှာ နေထိုင်တဲ့ လေ ၂၉၂၅ ဗိုလ်မှူး ဇော်မင်းထင်ကျော်ရဲ့ မိသားစုနေအိမ်ကို မနက် ၅ နာရီ ကျော်လောက်မှာ သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့က ဆိပ်သာဘက်ကပြောင်းလာတာ သိပ်မကြာသေးဘူး၊ စစ်ကောင်စီအရာရှိပိုင်းကပဲ ဒီနေ့ မနက်ပိုင်း ဗုံးကွဲတာ၊ ထိခိုက်တာမျိုးတော့ မရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
လေတပ်ဗိုလ်မှူးရဲ့ မိသားစုတွေ နေထိုင်တဲ့ နေအိမ်ကို လေတပ်ကရရှိတဲ့ စာရင်းတွေအရ သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးတာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဗုံးခွဲခံရတဲ့ လေတပ်ဗိုလ်မှူးရဲ့ မိသားစုဝင်တွေဟာ ဆိပ်သာတိုက်နယ်၊ ခြင်ဘိုအုပ်စု၊ သဲရိုးအရှေ့စုကျေးရွာဘက်ကနေ ပြောင်းရွှေ့လာပြီး လပိုင်းအတွင်းမှာ ဗုံးခွဲသတိပေးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။