Home
မြန်မာသတင်း
“ပြည်တော်ဝင်ဖို့ ရုန်းကြစို့” သပိတ်ကို PDF အကူအညီဖြင့် ယင်းမာပင်တွင် ကျင်းပ
DVB
·
February 1, 2022
273051389_467559538425444_1611699351005393803_n
273168827_467559638425434_5356440644086165430_n
272809103_467559721758759_6751152383648196897_n
272990432_467559591758772_5866188108787256600_n
272856294_467559528425445_4498598760995319206_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာငါးရွာက ရွာသားတွေပေါင်းစုပြီး အင်အား ၁၀၀၀ လောက် ပါဝင်တဲ့သပိတ်ကို ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ 

အဆိုပါ ညနေ ဆည်းဆာသပိတ်ကို PDF အစောင့်အရှောက်အကူညီနဲ့ အောင်မြင်စွာပြုလုပ်ခဲ့ပြီး ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ပြုလုပ်ခဲ့ကြတာလို့ ဦးဆောင်သူတွေက ပြောပါတယ်။  

“ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဆိုတဲ့ အင်အားကောင်းတဲ့ သပိတ်တွေကို ယင်းမာပင်ခရိုင်အတွင်းမှာ ဇန်နဝါရီလစကတည်းက အရှိန်အဟုန်မြှင့်ဆင်နွှဲခဲ့တာဖြစ်ပြီး သပိတ်ခေါင်းဆောင်တွေက ဦးဆောင်ကာ သပိတ်တရား ဟောပြောမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 

ယင်းမာပင်ခရိုင်ထဲက သပိတ်တွေကို မုံရွာသပိတ်ခေါင်းဆောင်နဲ့  အနောက်မြောက်လွင်ပြင်ဒေသ သပိတ်ဦးဆောင်သူလူငယ်တွေနဲ့ အမျိုးသမီးသပိတ်ခေါင်းဆောင်တွေလည်း လာရောက်အားဖြည့်ခဲ့ပြီး သပိတ်တွေကို ဆက်လက်အရှိန်အဟုန်မြှင့်နေကြတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

စစ်ကောင်စီက သပိတ်ပွဲကျင်းပရာ ရွာတွေကို မီးရှို့တာနဲ့ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေပေမဲ့ သပိတ်တွေကတော့ ဆက်လက်အားကောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024