“လူငယ်တွေ အနာဂတ် လမ်းပျောက်တဲ့အခါ… စာနာတတ်သူဆိုတာ ရှိရဲ့လား… လွန် ကြူးတဲ့ ရက်စက်မှုတွေကို အရွယ်နဲ့မမျှ တွေ့ကြုံချိန်… ဒီလိုပဲ ကြည့်နေမှာလား… လော ကကြီးရေ… ဖြူစင်စွာ ပျော်ရွှင်မှုများ ဆုံးရှုံးကာ… အလွယ်တကူရနိုင်တာ အညှီအ ဟောက်များ… ငွေမရှိလို့ ဂုဏ်မရှိလို့… ကိုယ်ခန္ဓာနဲ့ ဘဝကို ဈေးဗန်းခင်းတော့… ဒီလိုပဲ ကြည့်နေမှာလား… လောကကြီးရေ”
ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ အဆိုတော် ဆောင်းဦးလှိုင်ရဲ့ သီချင်းသစ် တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။
ဆောင်းဦးလှိုင် ကိုယ်တိုင်ရေးသားသီဆိုထားတဲ့ ဒီသီချင်းရဲ့ အမည်ကိုတော့ “လောကကြီး ရေ”လို့ အမည်ပေးထားခဲ့ပြီး တော်လှန်ရေးကာလ လူငယ်တွေအတွက် စိတ်ခွန်အားပေး သီချင်းအနေနဲ့ ထွက်ရှိလာခဲ့တာပါ။
“အသက်ရှင်ခွင့်ပေး… အသက်ရှင်ခွင့်ပေး… တို့အနာဂတ်တွေ အကောင်းဆုံးရွေးဖို့… အ သက်ရှင်ခွင့်ပေး… အသက်ရှင်ခွင့်ပေး… ကိုယ့်အနာဂတ်ကိုယ် အကောင်းဆုံးရွေးဖို့… အ ပြစ်မရှိဘဲနဲ့ ရိုက်ချိုးပစ်ကြတဲ့… ငါတို့အားလုံးရဲ့ အိပ်မက်တွေကို… အပြစ်မရှိဘဲနဲ့ ရိုက်ချိုး ခဲ့ကြတဲ့… တို့အားလုံးဘဝရဲ့ မျှော်လင့်ခြင်းတွေကို”
အသက် ၅၀ အရွယ် ရှိနေပြီဖြစ်တဲ့ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်လောက်က စတင်ပြီးတော့ တေးရေးဆရာတဦးအနေနဲ့ မြန်မာ့ဂီတ လောက ထဲကို ရောက်ရှိလာခဲ့တဲ့ ဆောင်းဦးလှိုင်ဟာ ၁၉၉၃ ခုနှစ်မှာတော့ ‘မင်းရဲ့ သူရဲကောင်း’ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့ အောင်မြင်တဲ့အဆိုတော် တယောက်အဖြစ် ပရိသတ် တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်ပါတယ်။
သူဟာ ဆေးပညာဘွဲ့ရတဦးလည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေးအယ်လ်ဘမ်ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ ပြီး ဖြစ်ပါတယ်။
အဲဒီအချိန်ကာလတွေမှာတော့ တကိုယ်တော်သီဆိုမှုတွေအပြင် ထရေစီနဲ့ တခြား အဆို တော်တွေပါ ပါဝင်ဖွဲ့စည်းထားတဲ့ ‘ခရီးသွားငါးယောက်’၊ တေးသံရှင် စည်သူလွင်၊ အဲ လက်စ်တို့နဲ့ သီဆိုအောင်မြင်ခဲ့တဲ့ ‘19.18’ အယ်လ်ဘမ်တွေမှာပါ ပရိသတ်တွေကြား ဆယ် စုနှစ်နဲ့ချီ နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာတော့ ဆောင်းဦးလှိုင်ဟာ တေးသီချင်း ထုတ်လုပ်မှုတွေကို ရပ်နားထားခဲ့ပြီး ဆယ်စုနှစ်အကြာ ၂၀၁၇ မှာတော့ ‘ကမ္ဘာ့စံချိန်’ မီနီ အယ်လ်ဘမ်ကို ထွက်ရှိခဲ့တာပါ။
အဲဒီနောက် ကြားကာလ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရကို ထောက်ခံ အားပေးတဲ့ တေးသီချင်းတွေကို ရေးသားခဲ့ပြီး ‘မေမေနိုင်မှ ဖြစ်မှာပါ’ ၊ ဒေါ် အောင်ဆန်း စုကြည်ရဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖိနှိပ်ခံကာလတုန်းကအခြေအနေကို ရည် ရွယ်ရေးသား ခဲ့ပြီး နီနီခင်ဇော်သီဆိုခဲ့တဲ့ ‘မျှော်လင့်ချက် တစုံတရာ’ သီချင်းတွေဟာလည်း အောင်မြင် ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။
သိပ်မကြာခင်ကလည်း သူဟာ မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် တကိုယ်တော် ဂီတဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံမြို့ကြီးတွေမှာ ကျင်းပခဲ့အပြီး ပွဲစဉ် ၁၀ ပွဲကနေ ရန်ပုံ ငွေ အမေရိကန် ဒေါ်လာ ၆၃၀,၀၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။