မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ စစ်အာဏာရှင်ဆန့်ကျင်လူထုသပိတ်(ဓာတ်ပုံ)
DVB
·
January 11, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ လူအင်အားထောင်ချီပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်သပိတ်ကို ဇန်နဝါရီ ၁၁ ရက် ဒီကနေ့ ၃ ရက်မြောက်အဖြစ် ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
သပိတ်အင်အားကောင်းလေ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းခံရမှုတွေပိုများလာသလို အနီးအနားက ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ပိုမို လုပ်ဆောင်နေပါတယ်။
ဒါပေမဲ့ ကျေးလက်နေပြည်သူတွေကတော့ စစ်အာဏာရှင်စနစ်ပြုကျရေး ဆက်လက် တိုက်ပွဲဝင်ဆဲဖြစ်ပါတယ်။