Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်က အမေရိကန် ဒေါ်လာ ၁၅ သန်း ထပ်မံ ထုတ်ရောင်း
DVB
·
January 8, 2022
270549824_4884794041578458_9037077942110238019_n
270254397_4884794021578460_8576438756071599159_n
269989850_4884793904911805_7311404588701277758_n
271556500_4884793838245145_1261976347583431334_n

၂၀၂၂ ခုနှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အနေနဲ့ စစ်ကောင်စီဗဟိုဘဏ်ကနေ အမေရိကန် ဒေါ်လာ ၁၅ သန်းကို တစ်ဒေါ်လာ ၁၇၇၈ ကျပ်နှုန်းနဲ့ ဇန်နဝါရီ ၇ ရက်က စတင်ထုတ်ရောင်းလိုက်ပါတယ်။

ဒီဇင်ဘာလတုန်းကလည်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းကို တစ်လတည်းနဲ့ စံချိန်တင် အများဆုံး ရောင်းချခဲ့ပါသေးတယ်။ 

ဒါ့အပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တုန်းကလည်း တစ်ကြိမ်တည်းနဲ့ ဒေါ်လာ သန်း ၅၀ ထုတ်ရောင်းခဲ့ပြီး တရက်ထဲ ရောင်းချမှုရဲ့ အမြင့်ဆုံး စံချိန်တင်ခဲ့သလို အောက်တိုဘာလထဲမှာ စုစုပေါင်း ဒေါ်လာ သန်း ၁၁၀ နဲ့ ဒုတိယ အများဆုံး ထုတ်ရောင်းခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ထဲမှာတုန်းကတော့  ၁၁ လအတွင်း အမေရိကန်ဒေါ်လာ စုစုပေါင်း ၄၄၃ ဒသမ ၈ သန်း ထုတ်ရောင်းခဲ့ပြီးဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကနေ အခုချိန်ထိ တစ်နှစ်နီးပါးအတွင်း အကြိမ်ရေ  ၅၀ ခွဲပြီး ထုတ်ရောင်းချခဲ့တဲ့ အမေရိကန်ဒေါ်လာ ပမာဏစုစုပေါင်း ၄၅၈ ဒသမ ၈ သန်း ရှိနေပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024