Home
မြန်မာသတင်း
အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး အားလုံးနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု KNPP ကြေညာ
DVB
·
January 1, 2022
KNPP

စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် တခြားဘဝတူ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည်နယ်ကာကွယ်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၁၄ ကြိမ်မြောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ပါတီကွန်ဂရက်အပြီး ဒီကနေ့ ဇန်နဝါရီလ ၁ ရက်မှာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်လည်း အမျိုးသားရေးအတိုင်ပင်ခံအတွင်း တခြားသော အင်အားစုတွေနဲ့အတူ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ကောင်စီရဲ့ ကရင်နီလူမျိုးတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမှတ်တမ်းပြုစုပြီး လိုတဲ့ အရေးယူ ဆောင်ရွက်တွေချမှတ် အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ် ချမှတ်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ၁၄ ကြိမ်မြောက် ပါတီကွန်ဂရက်ကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ပါတီဥက္ကဋ္ဌ တဦး၊ ပါတီဗဟိုကော်မတီဝင် ၁၈ ဦး၊ ပါတီအရန်ဗဟိုကော်မီတီ ၇ ဦးကိုလည်း လျှို့ဝှက်မဲနဲ့ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ပထမဦးဆုံ ပါတီဗဟိုကော်မီတီအစည်းအဝေးမှာ ဗဟိုအလုပ်အမှုဆောင်ကော်မီဝင် ၉ ဦးကို ရွေးချယ်တင်မြောက်လိုက်ပြီး ပါတီဥက္ကဋ္ဌ အဖြစ် ခူးဦးရယ်၊ ဒုဥက္ကဋ္ဌအဖြစ် အေဘယ်တွိ၊ အထွေထွေအတွင်းရေမှူးအဖြစ် ခူးပလူးရယ် တို့ကို ရွေးချယ်တင်မြောက်ခဲ့ပါတယ်။

အတွင်းရေးမှူး ၁ အဖြစ် ခူးဒယ်နီရယ်၊ အတွင်းရေးမှူး ၂ အဖြစ် ဦးအောင်ဆန်းမြင့်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ ၄ ယောက်ကို ရွေးချယ်လိုက်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024