Home
မြန်မာသတင်း
ရှမ်းပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်ကို ထောင်ဒဏ် ၃၈ နှစ်ချမှတ်
DVB
·
December 30, 2021
270296477_1585792918427471_6964236313670139197_n

ရှမ်းပြည်နယ်၊ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်ကို  ဒီဇင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီလက်အောက်ခံ တောင်လေးလုံးအကျဥ်းထောင်တရားရုံးက  ထောင်ဒဏ် ၃၈ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။

ဦးစိုးညွန့်လွင်ကို ပုဒ်မ ၁၂၂ (၁)နဲ့ ထောင်ဒဏ်အနှစ် ၂၀၊ ပုဒ်မ ၁၂၄ (က) ၇ နှစ်နဲ့ ဒဏ်ငွေ တစ်သိန်း၊ ပုဒ်မ ၁၂၄ (ဃ) ၇ နှစ်နဲ့ ဒဏ်ငွေ တစ်သိန်း၊ ပုဒ်မ ၅၀၅ အမှု နှစ်မှု ထောင်ဒဏ် ၂ နှစ်စီ သီးခြားကျခံရတဲ့အတွက် စုစုပေါင်း ၃၈ ​နှစ် အမိန့် ချခဲ့တာဖြစ်ပါတယ်။

"ဒီနေ့အမိန့်ချတာ ဟုတ်ပါတယ်။ ၅၀၅ နှစ်မှုအပါ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနဲ့ ပေါ့။ ၃၈ နှစ်နဲ့ ငွေဒဏ်နှစ်သိန်း အမိန့်ချလိုက်တယ်” လို့ ဦးစိုးညွန့်လွင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

လတ်တလော စစ်ဆေးမှု မပြီးသေးတဲ့အမှုမှာ အဂတိတိုက်ဖျက်ရေးအမှု ၄ မှု ကျန်ရှိ နေသေးတယ်လို့ သိရပါတယ်။

ဦးစိုးညွန့်လွင်ကို မတ် ၄ ရက်က ရန်ကုန်မြို့မှာ ဖမ်းဆီးခံရပြီး တောင်လေးလုံး အကျဥ်းထောင်ကို ပြန်လွှဲခဲ့တာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024