Home
မြန်မာသတင်း
ရန်ကုန်-ရေး-မော်လမြိုင် ခရီးသွားမရှိသဖြင့် ခရီးသည်တင်ကားများ အရှုံးပေါ်
DVB
·
December 21, 2021
269731272_216136390681133_686441772213989856_n

စက်သုံးဆီဈေးတွေ ဆက်လက် မြင့်တက်လာနေတာနဲ့အမျှ ခရီးသွားတွေ မရှိတာကြောင့် ယာဉ်လိုင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတွေမှာ အရှုံးပေါ်နေတယ်လို့ ကားသမားတွေက ပြောပါတယ်။

ယာဉ်ပိုင်ရှင် တဦးက “ရန်ကုန် - ရေး -  မော်လမြိုင် စတဲ့ ခရီးစဉ်တွေကို ခရီးသွားများတဲ့ ကာလဖြစ်ပေမဲ့ အခုလိုအချိန်မှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ချိန်ဆိုတော့ လမ်းခရီးတွေမှာလည်း အစစ်ဆေးများပြန်တော့ ခရီးသွားတွေက သိပ်ပြီး အသွားအလာ မလုပ်ကြတဲ့အခါ ခရီးသည်က မရတော့ ကုန်ကျတဲ့ စရိတ်တွေနဲ့ဆို အရှုံးနဲ့သာ ပြေးဆွဲနေရတယ်”  လို့ ပြောပါတယ်။

ကားသမားတဦက “အခုက ခရီးသည်မရပေမဲ့ ဈေးကုန်တွေသာ ဆီဖိုးနည်းနည်းပါးပါးရတယ်။ တခါတလေ ခရီးသည် ရတဲ့နေ့ဆိုရင်လည်း စားစရိတ်လောက်တော့ ရပါတယ်။ လူမရတဲ့နေ့ဆို အရှုံးပေါ်ကြတော့ တချို့ ကိုယ်ပိုင်ကားနဲ့ ပြေးဆွဲနေကြတဲ့သူတွေ သိပ်ပြီး ပြဿနာမရှိပေမယ့် အငှားမောင်းလိုက်တဲ့ ကားသမားတွေဆို အလုပ်ပါ ရပ်နားလိုက်ရတယ်” လို့  ပြောပါတယ်။

အခုချိန်မှာ ရေး - မော်လမြိုင် - ရန်ကုန် ခရီးစဉ်တွေမှာ ခရီးသွားတွေ မရှိတာကြောင့် ယာဉ်လိုင်း တချို့ ရပ်နားလိုက်ရတဲ့ အခြေနေမှာရှိကြပြီး အဝေးပြေးယာဉ်လိုင်းတွေကို မှီခိုလုပ်ကိုင်နေကြတဲ့ သူတွေမှာ အလုပ်လက်မဲ့တွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024