အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ စဉ်ဆက်မပြတ် ပညာသင်ကြားရေး အတွက် နေအိမ်အခြေပြု ပညာသင်ယူရေးအစီအစဉ်ကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ပညာရေး ဘုတ်အဖွဲ့မှ မင်္ဂလာဒုံနယ်မြေအတွင်း စတင် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
ကနဦးအစမှာတော့ Grade-10 (စနစ်သစ်) နဲ့ Grade - 11 (တက္ကသိုလ်ဝင်တန်း) တို့ကို သင်ကြားရေးအတွေ့အကြုံရှိတဲ့ ဆရာ၊ဆရာမတွေက ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းများကို ဒီဇင်ဘာ ၁၆ ရက်နေ့စတင်မှာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ gmail ပို့နိုင်သလို google form ကနေလည်း စာရင်းပေးသွင်းနိုင်ပါတယ်။