Home
မြန်မာသတင်း
“ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” Online Campaign ပြုလုပ်
DVB
·
December 5, 2021
263434149_4758747784183085_3878971028746553452_n
260995286_4758747770849753_3750428312269057983_n
264037550_4758748027516394_6575206247372436761_n
263542065_4758747927516404_2177576735368123175_n
264109361_4758747987516398_7071097735036550210_n
263065185_4758748120849718_3419788864700213229_n
259879317_4758748140849716_8592646827694410394_n
262356409_4758748244183039_8342335646608952316_n
258859858_4758748267516370_6678448247121827423_n

ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အနေနဲ့ “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ Online Campaign တခုကို ပြုလုပ်နေပါတယ်။  

လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ စစ်အာဏာရှင်ရဲ့ ရာဇ၀တ်မှုကျူးလွန်မှုတွေကို ခံစားနေကြရတဲ့ ပြည်သူတွေအနေနဲ့  ပြည်သူက ပြည်သူကို ကူညီကြရင်း ကိုယ်ပိုင်လူ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ မြန်မာနိုင်ငံသားတိုင်း ပါ၀င်ဆောင်ရွက်နိုင်အောင် ဒီ Campaign နဲ့ စတင်လိုက်တာလို့လည်း သိရပါတယ်။ 

ဒါ့အပြင် လူ့အခွင့်အရေးဆိတ်သုဉ်းနေတဲ့ နိုင်ငံတော်မှာ နေထိုင်ကြရတဲ့ ပြည်သူတွေအရေးကို ကမ္ဘာတဝန်းလုံးသိမြင်လာအောင် နှိုးဆော်တာလို့လည်း ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အ‌‌ရေးဝန်ကြီး ‌ဦးအောင်မျိုးမင်းကလည်း လူ့အခွင့်အရေးကို တန်ဖိုးထားသူတိုင်း ပါဝင်ပေးဖို့နဲ့ အနည်းဆုံး ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ပါဝင်ပေးဖို့ သူ့ရဲ့ Facebook စာမျက်နှာကနေ တိုက်တွန်းထားပါတယ်။ 

ဒီကမ်ပိန်းမှာဆိုရင် နယ်ပယ်အသီးသီးက ‌ထင်ရှားကျော်ကြားသူတွေ၊ စာပေပေနုပညာရှင်တွေသာမက ပြည်သူတွေပါ ပါဝင်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024