Home
မြန်မာသတင်း
ဒီပဲယင်းနှင့်ကနီတွင် တိုက်ပွဲများဆက်ဖြစ်၊ ယာတဲများမီးရှို့ခံရပြီး ဒေသခံများ ထွက်ပြေးနေရ
DVB
·
November 29, 2021
262660887_577647516644777_8652272254070373401_n
262562336_577647443311451_5842981938710524532_n
262542718_577682603307935_2948275316231406407_n
262522713_577682503307945_4695102324721427346_n
262513794_577682469974615_5332370574512434859_n
262322716_577682716641257_8158907398084956494_n
262315199_577682639974598_5814329606917710764_n
262192568_577682679974594_8088954069508196947_n
262114244_577647409978121_1221697289399136807_n
261949054_577647479978114_5318664542767676442_n
999


စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ ကနီမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က တောင်ယာတဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဆပ်ပြာကျင်းကျေးရွာပြည်သူတွေရဲ့ တောင်ယာတဲတွေကို နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီခွဲလောက်က မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ကျနော်တို့ ဆပ်ပြာကျင်းရွာက လူတွေရဲ့ တောင်ယာကို တောတက်ပြီး တောင်သူလုပ်ငန်းလုပ်ကိုင် အ‌ခြေချနေထိုင်တဲ့ တဲစုလို့‌ ပြောရမယ်ဗျ။ အဲလူနေထိုင်တဲ့ တဲတွေကို မီးရှို့သွားတာ။ မီးလောင်တဲ့အထဲ စက်ဘီး၊ ဆိုင်ကယ်၊ လယ်ထွန်စက်၊ စားနပ်ရိက္ခာတွေ အကုန်ဆုံးရှုံးသွားတယ်တယ်။ ရွှေထည်ပစ္စည်းတွေနဲ့ ငွေသား သိန်းငါးဆယ်ကျော်လည်း သူတို့ယူသွားကြတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေ ရှိနေတာကြောင့် တောင်ယာတဲနေအိမ် ဘယ်နှလုံး မီးရှို့သွားတာကို အတိကျမပြောနိုင်သေးဘဲ တဲ ၃ လုံးကို မီးရှို့သွားတာတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ် ညောင်လှရွာကို နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်သားတွေ ချပေးခဲ့ပြီး အဲဒီရဟတ်ယာဉ်တွေနဲ့အတူပါလာတဲ့ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာကြောင့် အနည်းဆုံး ရွာသား ၂၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတပ်သားတွေနဲ့ အနီးက ရွာတခုဖြစ်တဲ့ ဆည်ကြီးရွာမှာ ရောက်ရှိတပ်စွဲနေတဲ့ စစ်ကောင်စီ တပ်သား အင်အား ၁၅၀ လောက်နဲ့ ရွှေဘို မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်သား ၅၀ လောက် သေဆုံးခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရထားတယ်လို့ ရွှေဘို မိုးကြိုးမုန်တိုင်းအဖွဲ့က ထုတ်ပြန်ပါတယ်။ လတ်တလောမှာတော့ စစ်ရေးအခြေအနေ တင်းမာနေပြီး အသေးစိတ်တွေကို မသိရသေးဘူးလို့ ဒေသခံတယောက် ပြောပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်ကြီးကျေးရွာမှာ တပ်စွထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ ကာကွယ်ရေးတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးအနားက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းပေါ်မှာတည်ရှိတဲ့ နတ်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ချင်တွင်းမြစ်အနောက်ဘက်ကမ်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့  ပစ်ခတ်နေတာတော့ ၄ ရက်မြောက်ရှိနေပြီဗျ။ ဒီကောင်တွေ အထက်က ဆုန်လာမဲ့ ကျောက်မော်တော်ကို ကာကွယ်ရေးလာလုပ်တဲ့သဘောပဲဗျ။ ကျနော်တို့က မြစ် အနောက်ဘက်ကမ်းကနေ ပစ်တယ်။ သူတိုကလည်း လက်နက်ကြီးတွေ ပြန်ပစ်တာတွေ ရှိတယ်။ ၂၈ ရက်နေ့က ည ၇ နာရီအချိန်လောက် ဒီကောင်တွေ ကျနော်တို့စခန်းရှိတဲ့ ငါဖျတ်ရွာဆိပ်ကမ်း အထိ တက်လာတယ်။ အဲလိုတက်လာလို့ ကျနော်တို့ အပြန်အလှန်တိုက်ပွဲ ၂ နာရီလောက် ဖြစ်လိုက်သေးတယ်။ အကျဆုံးကတော့ ကျနော်တို့ဘက်က မရှိဘူး။ သူတို့ဘက်ကတော့ ဘယ်လောက်ကျမယ်ဆိုတာတော့ အတိအကျ မပြောနိုင်ဘူးဗျ။ ဒီနေ့ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်ဗျ။ လက်ရှိအချိန်အထိ နှစ်ဖက်တင်းမာနေဆဲပဲလို့ ဒေသခံပြည်သူကာကွယ်ရေးတပ်မတော်အဖွဲ့ရဲ့  ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အခုလို ချင်းတွင်းမြစ် အရှေ့ဘက်၊ အနောက်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်နေတာ ကြောင့် အနီးအနားကျေးရွာတွေဖြစ်တဲ့ မုဌေါကျေးရွာ၊ ငါဖျတ်နဲ့ ပန်းဆိုင်း ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024