Home
မြန်မာသတင်း
ရန်ကုန် - ကျုံမငေး ခရီးသည်တင်ကားမှောက်ပြီး ၁၀ ဦး ဒဏ်ရာရ
DVB
·
November 28, 2021
262025717_1231651273985880_3753984008934352978_n
261216353_1231651403985867_7407897337104774933_n
260973167_1231651370652537_8105772107960434651_n
260815543_1231651520652522_6175339185528115963_n
260107709_1231651347319206_7728364864436464461_n

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ တုံလှဲချောင်းကျေးရွာအနီး နိုဝင်ဘာ ၂၈ ရက် ဒီမနက်ပိုင်းက ခရီးသည်တင်ကားတစီး တိမ်းမှောက်ခဲ့တာကြောင့်  ၁၀  ယောက်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန် - ကျုံမငေးပြေးဆွဲတဲ့ ခရီးသည်တင်ကားတိမ်းမှောက်တာကြောင့်  အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

"အခြေအနေကတော်တော်ဆိုးတယ်လို့ ပြောရမယ်။ အမျိုးသား တယောက်တော့ ခြေတဖက်ပြတ်သွားတယ်။ သူကအဆိုးဆုံးပေါ့။ ကျန်တဲ့သူတွေလည်း ထိပေမဲ့ သူ့ လောက်မဆိုးဘူး ခုတော့ ဆေးရုံခေါ်သွားပြီ''လို့ ဒေသခံတဉီးက ပြောပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေကို ဝါးခယ်မဆေးရုံကိုပို့ဆောင်ထားပြီး ရဲနဲ့ မီးသတ်တွေရောက်လာကာ  ဒေသခံတွေနဲ့ ပူးပေါင်းပြီး တိမ်းမှောက်သွားတဲ့ကားကို ပြန်ဆွဲတင်ခဲ့ပါတယ်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ကားမောင်းသူကို ရဲစခန်းမှာ အမှုဖွင့်အရေးယူဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024