ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါလိုရှေးနဲ့ ဆော်ခီးဒေါ ကျေးရွာအကြားက လျှပ်စစ်တာဝါတိုင်ကြီး ၂ တိုင် ဖျက်ဆီခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါ လျှပ်စစ်တာဝါတိုင်တွေဟာ လောပိတ အမှတ် ၁ စက်ရုံကနေ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေကို ဓာတ်အား ပေးပို့နေတဲ့ တာဝါတိုင်ကြီးတွေဖြစ်ပြီး ဘယ်အဖွဲ့က ဖျက်ဆီးခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ကယားပြည်နယ် လျှပ်စစ်ဌာနကတော့ လွိုင်ကော်မြို့မှာ ဓာတ်အား ပြတ်တောက်ကြောင်း အသိပေးကြေညာထားပါတယ်။
နိုဝင်ဘာ ၂၄ ရက် ည ၁၁ နာရီ ၂၈ မိနစ်မှာ လောပိတ စက်ရုံမှ စက်တွေ Trip ဖြစ်လို့ ဓာတ်အားပြတ်တောက်ခဲ့ကြောင်း နိုဝင်ဘာ ၂၅ ဒီမနက် ၅ နာရီ ၁၀ မိနစ်မှာ လွိုင်ကော်မြို့အားဓာတ်အားပြန်လည်ဖြန့်ဖြူးပေးခဲ့ပေမဲ့ Trip ဖြစ်သလို့ ၅ နာရီ ၂၅ မိနစ်မှာ ဓာတ်အားပြန်လည်ပြတ်တောက်ခဲ့ရကြောင်း အသိပေးကြေညာချက်မှာ ဖော်ပြပါတယ်။
ဖျက်ဆီးခံရတဲ့ လျှပ်စစ်တာဝါတိုင်တွေဟာ ယခင် နဝတ/ နအဖ စစ်အစိုးရတွေ လက်ထက်ကတည်းက ဒေသခံတွေ မီးမရဘဲ ညဘက် ကင်းစောင့် စေခိုင်းခံခဲ့ရတဲ့နေရာတွေဖြစ်ပါတယ်။
ဒီနောက်ပိုင်း စေခိုင်းမှုတွေ မရှိတော့ပေမယ့် လျှပ်စစ်တာဝါတိုင်တွေရဲ အောက်ခြေတွေမှာ မြေမြှုပ်မိုင်း၊ တိုက်မိုင်းတွေ ထောင်ထားလေ့ရှိတဲ့ တာဝါတိုင်တွေဖြစ်ပါတယ်။