Home
မြန်မာသတင်း
ဖမ်းဆီးနှိပ်စက်ခံရသည့် ပြည်သူတစ်ဦး သေနတ်လု ထွက်ပြေးလွတ်မြောက်၊ ဆော PD‌F က ဘေးကင်းရာပို့
DVB
·
November 17, 2021
257967226_116535440832881_8059171331179186429_n

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်း ဆောမြို့နယ်အစပ်မှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးနှိပ်စက်တာကြောင့် သေနတ်လုပြီး ထွက်ပြေးလာတဲ့ ပြည်သူ ၂ ယောက်အနက် တစ်ယောက်ကို PDF-ဆောက နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဘေးကင်းရာနေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အစပ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က အကြမ်းဖက်စစ်အုပ်စု အင်အား ၇၀ လောက်ဟာ အပြစ်မဲ့ ဒေသခံပြည်သူ ၂ ယောက်ကို ဖမ်းဆီးနှိပ်စက်ပြီး လမ်းပြခိုင်းတာကြောင့် သေနတ်လု ထွက်ပြေးလာခဲ့ကြတာလို့ PDF ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ထွက်ပြေးလာတဲ့ နှစ်ယောက်အနက် ​၁ ယောက်ဟာ PDF ဆော တပ်ဖွဲ့ကို ရောက်ရှိလာပြီး မျက်နှာနဲ့ ခန္ဓာကိုပေါ်မှာလည်း စစ်ကောင်စီတပ်တွေက နှိပ်စက်ထားတဲ့ ဒဏ်ရာတွေအများကြီးပဲလို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ ပြည်သူ ၂ ယောက်အနက် နောက်တစ်ယောက်ကတော့ လွတ်မလွတ်မသေချာသေးဘူးလို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ ၂ ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရာမှာ ဆေးလိပ်မီးတွေနဲ့ ထိုးတယ်၊ သံဆူးကြိုးတွေနဲ့ ရိုက်တယ်၊ စစ်ဖိနပ်တွေနဲ့လည်း တက်နင်းတယ်လို့ လွတ်မြောက်လာသူတွေက ပြန်ပြောပြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း  ကန်ပက်လက်နဲ့ ဆောနယ်စပ်က ကားလမ်းပေါ်မှာ လူနာတင်ယာဥ်တစ်စီးကို ချောဆွဲခဲ့သလို ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆောမြို့နယ်အတွင်း အချိန်မရွေး တိုက်ပွဲတွေဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဆောမြို့နယ်ထဲက လမ်းပိုင်းတွေကို အရေးကြီးကိစ္စကလွဲလို့ သွားလာတာတွေမပြုလုပ်ကြဖို့  PDF-ဆောက သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024