စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအပါအဝင် မူဝါဒ ၆ ချက်နဲ့ အခြေခံပညာကျောင်းသား များသမဂ္ဂ-အကသ(ဗကသများအဖွဲ့ချုပ်)ကို နိုဝင်ဘာ ၁၆ ရက်မှာ ဖွဲ့စည်းကြောင်း ကြေညာပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ၈ ကြိမ်မြောက် ညီလာခံမှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေး(ဝါ)အမျိုးသားရေး၊ ဒီမိုကရေစီရေး(ဝါ)စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ နိုင်ငံတကာကျောင်းသားများနှင့် သွေးစည်းညီ ညွတ်ရေးစတဲ့ မူဝါဒ ၆ ချက်နဲ့အညီ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဉပဒေနဲ့ လက်ခံချက် ၃ ရပ်ကို လက်ခံစွဲကိုင်ကာ ကျောင်းသားထုအကျိုးနဲ့ ပြည်သူလူထုအကျိုးကို သယ်ပိုး ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။
အခြေခံပညာကျောင်းသားများသမဂ္ဂ-အကသ(ဗကသများအဖွဲ့ချုပ်)မှာတော့ ဉက္ကဋ္ဌ အဖြစ် မသွန်းသီရိသူနဲ့ ဒုဉက္ကဋ္ဌတွေအဖြစ် ကိုထွန်းနိုင်၊ ကိုကြည်မင်းတို့က တာဝန်ယူထားကြတာ ဖြစ်ပါတယ်။