Home
မြန်မာသတင်း
လားရှိုးမြို့ ၌ ဓာတ်အားခကောက်ခံခြင်းနှင့်မီးဖြတ်တောက်ခြင်းများ မလုပ်ရန် LCDF သတိပေး
DVB
·
November 16, 2021
257558832_205590078388590_1385595372625865137_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း မြသင်းကြူ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီက မီတာခတွေ အတင်းအကျပ် ကောက်ခံနေတာနဲ့ မီတာခမဆောင်တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်တာတွေကို ရပ်တန်းကရပ်ဖို့ လားရှိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Lashio Civil Defence Force) က သတိပေးလိုက်ပါတယ်။

LCDF ရဲ့ ထုတ်ပြန်ချက်ကို လျစ်လျူရှုကာ အထက်ပါလုပ်ရပ်တွေကို ဆက်လက်ဆောင်ရွက်နေ ပါက မိမိတို့ LCDF (CT-UG) မှ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း EPC နဲ့ စစ်အာဏာရှင် လက်အောက်ခံဌာနတွေကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ နောက်ဆုံးအကြိမ် သတိပေးအကြောင်းကြားထားပါတယ်။

ဒါ့အပြင် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီလက် အောက်ခံရုံးတွေကို မသွားကြပါရန်နဲ့ CCTV တွေကို ဖြုတ်သိမ်းထားခြင်းဖြင့် ပူးပေါင်းပါဝင်ပေးဖို့လည်း LCDFက မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံး၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် လ.ဝ.က ရုံး၊ ယာဉ်ထိန်းရဲရုံးနဲ့ စစ်တပ်သတင်းပေး (ဒလန်)လို့ အများက သတ်မှတ်ခံထားရသူနေ အိမ်တစ်အိမ်ကို ဗုံးပစ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024