ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ နိုဝင်ဘာ ၉ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာ ၁၀၀ လောက်မှာ အင်တာနက်ပြတ်တောက်နေခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက် ညနေ ၅ နာရီကျော်လောက်မှာ အင်တာနက် ပြန်သုံးလို့ရပြီလို့ ဒေသခံတွေက ပြောပါတယ်။
တောင်ပြိုလက်ဝဲမြို့ ဒေသခံတစ်ဦးက "မနက် ၁၀ နာရီလောက်မှာ အင်တာနက်လုံးဝသုံးမရတော့ဘူး။ ညနေ ၅ နာရီကျောါလောက်မှာ ပြန်ပြီး သုံးလို့ရလာတယ်။ ဒါပေမဲ့ သုံးရတာလုံးဝအဆင်မပြေဘူး” လို့ ပြောပါတယ်။
နိုဝင်ဘာ ၉ ရက် မနက် ၁၁ နာရီလောက်က ရေနောက်ငါးသားကျေးရွာအနီးရှိ အေအေ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်တပ်ဘက်က အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာတာရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကစတင်ပြီး မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့အပါအဝင် ဒေသတွင်း ကျေးရွာပေါင်း ၁၀၀ လောက် အင်တာနက်ပြတ်တောက်ထားခဲ့ပြီး ညနေ ၅ နာရီကျော်လောက် ပြန်ဖွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။