Home
မြန်မာသတင်း
မြန်မာစစ်တပ်ထံ စစ်သုံးဆက်သွယ်ရေးကိရိယာရောင်းချမှု ပိတ်ဆို့ရေး လှုပ်ရှားမှုတွင်ပါဝင်နိုင်
DVB
·
November 3, 2021
251970853_237431061821809_3433320851177142273_n
252741985_237431081821807_4841658245933370684_n
252413929_237431071821808_79832776007989347_n
252346875_237431138488468_7718654621625614989_n
252279891_237431115155137_6655385303321343051_n
252096055_237431118488470_8840881941958583117_n

ဩစတြေးလျကုမ္ပဏီတခုကနေ စစ်ကောင်စီကို စစ်သုံးရေဒီယိုဆက်သွယ်ရေးကိရိယာတွေ ရောင်းချနေမှုကို ပိတ်ဆို့အရေးယူနိုင်ဖို့ တောင်းဆိုကြမယ့် လှုပ်ရှားမှုမှာ အားလုံးလက်မှတ်ရေးထိုး ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

Barrett Communication ဆိုတဲ့ စစ်သုံး ရေဒီယိုရောင်းချတဲ့ ဩစတြေးလျကုမ္ပဏီက စစ်တပ်ကို ခုလိုရောင်းချမှုကို Justice For Myanmar အဖွဲ့က ထောက်ပြခဲ့ပေမယ့် ကုမ္ပဏီဘက်ကတော့ စီးပွားရေးသွင်းကုန်ဆိုပြီး ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ဩစတြေးလျ အစိုးရကလည်း စီးပွားရေးဦးပိုင်နဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ကို ပိတ်ဆို့အရေးယူမှုတွေ မလုပ်သေးတာမို့ လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာတော့ လက်မှတ်အရေအတွက် အနည်းဆုံး တသောင်း လိုအပ်ပြီး လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့အထိ ဖော်ပြပါလင့်ခ်မှာ လက်မှတ်ရေးထိုး ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ Blood Money သွေးစွန်းငွေတွေ၊ ငွေကြေး‌ထောက်ပံ့မှုတွေ ရပ်တန့်စေရေး ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေး ဆိုရှယ်မီဒီယာ ကမ်ပိန်းကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာ စစ်အုပ်စုကို ငွေကြေးအထောက်အပံ့ပေးနေတဲ့ Total၊ Chevron အပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးတွေကို ဖိအားပေးတောင်းဆိုမှုတွေ ထပ်မံပြုလုပ်ဖို့၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ တဦးချင်းစီပါဝင်ဖို့ စည်းရုံးဖိတ်ခေါ်ထားပါတယ်။

ဒါ့အပြင် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုတွေအနေနဲ့ 'မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး' စာတန်းပါ ကြွေးကြော်သံတွေနဲ့ မြန်မာပြည်ထဲက မြို့တချို့မှာလည်း သပိတ်မှောက် ဆန္ဒပြမှုတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024