Home
မြန်မာသတင်း
နေအိမ်များအား တိုက်ခိုက်မီးရှို့သည့် စစ်ကောင်စီတပ်လုပ်ရပ်ကို အမေရိကန် ပြစ်တင်ရှုတ်ချ
DVB
·
November 1, 2021
247324365_1496745150696622_745455837984025886_n
246636142_1496743804030090_2034393965884993047_n
251140576_1496745237363280_6073032424460508619_n
248416404_1496745160696621_8150713814317872062_n

စစ်ကောင်စီတပ်တွေက အိမ်တွေကို တိုက်ခိုက်မီးရှို့တဲ့ လုပ်ရပ်အတွက် အမေရိကန်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက   အောက်တိုဘာ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စနေနေ့က မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူနေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးပြီး လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အစီရင်ခံစာတွေ ရရှိတဲ့အတွက် အထူးစိုးရိမ်ပူပန်တယ်လို့ ဆိုထားပါတယ်။ 

ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်လွှဲပြောင်းပေးနေတာတွေ ရပ်ဖို့ အပါအဝင်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်တဲ့ အရေးယူမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက အရေးတကြီး ဆောင်ရွက်ဖို့ လိုနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအနှံ့ နေရာအများအပြားမှာ စစ်တပ်က စစ်ဆင်ရေးလုပ်နေတဲ့အပေါ် မိမိတို့အနေနဲ့ အထူးစိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူအားလုံး ချက်ချင်း လွှတ်ဖို့နဲ့ ဒီမိုကရေစီ အမြန်ပြန်ဖော်ဆောင်ဖို့ တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။ 

မြန်မာပြည်သူတွေကို ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့တဲ့၊ ဆောင်ရွက်နေတဲ့ အာဏာပိုင်အဖွဲ့ရဲ့ ကြောက်ရွံ့တုန်လှုပ်စရာကောင်းတဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ယူမှုရှိလာအောင်လည်း ဆက်ပြီး တွန်းအားပေးသွားမှာဖြစ်ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကြိုးပမ်းမှုကို ဆက်လက်အားပေး ထောက်ခံသွားမယ်လို့ ဆိုပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024