စစ်ကိုင်းတိုင်းအတွင်းက People Defense Force-TC တပ်ခွဲရုံးမှာ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ရဲဘော်စုံတွဲ သုံးတွဲ တပြိုင်နက်တည်း တပ်ခွဲဗိုလ်ကြီးတွေရဲ့ ရှေ့မှောက်မှာ လက်ထပ်မင်္ဂလာ လက်မှတ်ရေးထိုးလိုက်ကြတယ်လို့ သိရပါတယ်။
“ကျနော်တို့ ခမ်းခမ်းနားနားကြီးမလုပ်ပေးနိုင်ပါဘူး။ ဗိုလ်ကြီးတို့ကို အသိသက်သေထားပြီး ကျနော်တို့ စာသင်ဆောင်လေးမှာပဲ အကျဉ်းရုံး လက်မှတ်ထိုးရေးထိုးပေးဖြစ်ခဲ့ပါတယ်” လို့ PDF-TC တပ်ခွဲရုံးပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လက်ထပ်မင်္ဂလာပွဲကို ကြက်သားဟင်းနဲ့ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပြီး နှစ်ပေါင်း ရာချီသာယာပျော်ရွှင်တဲ့ ဘဝတွေ ပိုင်ဆိုင်ပါစေလို့ PDF-TC တပ်ခွဲရုံးက ဆုတောင်းပေးခဲ့တယ်လို့ သိရပါတယ်။