Home
မြန်မာသတင်း
ဘားအံအကျဥ်းထောင်မှ ၇၁ ဦးလွတ်မြောက်
DVB
·
October 19, 2021
246519560_961003638093243_5323323952379161139_n
247221587_961003571426583_8536231626546287426_n
246379944_961003531426587_7198992320743019823_n
246296249_961003478093259_6148723304931492982_n

ပုဒ်မ ၅၀၅ က အမှုနဲ့ ထောင်ချခံထားရသူ ၇၁ ဦး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကရင်ပြည်နယ်၊ ဘားအံ(တောင်ကလေး) ကျဉ်းထောင်ကနေ အောက်တို့ဘာ ၁၈ ရက် ညနေပိုင်းမှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က မတရားအာဏာသိမ်းသိမ်းခဲ့တဲ့ စစ်အာဏာရှင်ကို ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ် ချခံထားရတဲ့သူတွေဖြစ်ပါတယ်။ 

ပြန်လည်လွတ်မြောက်လာသူတစ်ဦးက "ဆန္ဒပြပွဲမှာ အဖမ်းခံရတာ။ စစ်အာဏာရှင်ကို တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်ပြီးတော်လှန်သွားမှာ။ ကြောက်နေလို့ မရဘူး။ နောက်ထပ် မျိုးဆက်တွေအထိ စစ်အာဏာရှင်သက်ဆိုး မရှည်စေရဘူး။ အရေးတော်ပုံ အောင်ရမည်" လို့ ပြောပါတယ်။

ဘားအံ(တောင်ကလေး)အကျဉ်းထောင်ကနေပြီး အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၇၁ ဦးကို လွတ်ပေးခဲ့ပေမယ့် ကရင်ပြည်နယ်အတွင်း ပထမဆုံး ဖမ်းဆီးပြီး  ပုဒ်မ ၅၀၅ (ခ)နဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) ကျောင်းအုပ်ကြီး ဒေါက်တာချိုယုမွန်ဟာ ပြန်လည်လွတ်မြောက်လာသူတွေထဲ မပါဝင်ခဲ့ပါဘူး။ 

ဒေါက်တာချိုယုမွန်နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက “ကျမတို့က ပြန်လွတ်မယ်၊ မလွတ်ဘူးဆိုတာကို ဘာထူးထူးထွေထွေမှ မခံစားရဘူး။ ဘာအပြစ်ကြီးကြီးကျယ်ကျယ်မှ မလုပ်ဘဲ ထောင်ထဲမှာ နေနေရတော့။ မမျှော်လင့်ပါဘူး။ ဘာကြောင့်ဆို ဆရာမကြီးက ဘာအပြစ်မှ မလုပ်ထားဘူးလေ” လို့ ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ စစ်အာဏာရှင်ကို တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ၈၈ မျိုးဆက် ကရင်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ စောမောင်ကြီး ပါဝင်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ ဆန္ဒပြပြည်သူ ၅၀၀ ကျော်ကို စစ်ကောင်စီရဲ့တပ်နဲ့ ရဲတွေက ဖမ်းဆီးတရားစွဲဆိုခဲ့သလို ဖမ်းဆီးခံရသူတွေနဲ့ ဆက်သွယ်ခွင့်မရဘဲ ပျောက်ဆုံးနေသူတွေ ရှိတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024