ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ဒီနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီလောက် လက်လုပ်မိုင်း ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“လက်လုပ်မိုင်းပေါက်ကွဲမှုက မနက် အစောဆိုတော့ လူထိခိုက်မှုတော့ မကြားမိဘူး၊ မိုင်းကွဲတာဆိုတော့ အသံတော့ အတော်ကျယ်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
မရမ်းကုန်းမြို့နယ် တရားရုံးက တရားသူကြီး၊ ဝန်ထမ်းနဲ့ ရှေ့နေတွေက အာဏာသိမ်းစစ်အစိုးရ အလိုကျ ပြည်သူလူထုအပေါ် မတရားတဲ့ အမိန့်အာဏာတွေနဲ့ အနိုင်ကျင့်နှိပ်စက်နေလို့ ပထမအကြိမ် သတိပေးတဲ့အနေနဲ့ တိုက်ခိုက်လိုက်တာလို့ Free Tiger Ranger အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဖွဲ့ တာဝန်ရှိသူတဦးက “လူတော့မထိခိုက်ဘူး မဆိုင်တဲ့သူတွေထိသွားမှာစိုးလို့တစ်လုံးပဲ သတိပေးတဲ့အနေနဲ့ခွဲခဲ့တာပါ။ အဝင်အဝနားမှာပေါက်တာ ရုံးတက်ချိန်မှာ ခွဲမလို့၊ နောက်တော့ မဆိုင်တဲ့ ပြည်သူတွေထိမှာဆိုးလို့ မနက်အစော ဖောက်ခွဲလိုက်တာ” လို့ ပြောပါတယ်။