Home
မြန်မာသတင်း
အုတ်တွင်းမြို့ နာရေးအိမ်လောင်းကစားဝိုင်းတွင် ဒလန် ၁ ဦးပစ်သတ်ခံရ
DVB
·
October 12, 2021
245458592_3055736698087404_5499029166636192940_n

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း ၂ ရပ်ကွက်၊ ဦးဝင်းဖေလမ်းမှာရှိတဲ့  နာရေးအိမ်တအိမ်မှာ အောက်တိုဘာ ၁၁ ညနေပိုင်းက   ဒလန်လို့လူသိများတဲ့ အမျိုးသား တယောက် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားပါတယ်။

နာ‌ရေးအိမ်ရဲ့ လောင်းကစားဝိုင်းမှာ ဝင်ကစားနေတဲ့  စစ်ကောင်စီသတင်းပေး ခင်ညိုဦးဟာ ရင်ဘတ်ကို သေနတ်မှန်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညနေ ၆ နာရီလောက် ဆိုင်ကယ်တစ်စီးက နာရေးအိမ်မှာ လာပစ်သွားတာ။ ခင်ညိုဦး သေနတ် ၂ချက်ထိတယ်။ နေရာမှာပဲသေတယ်။ ခင်ညိုဦးက စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေတာ။ ဘယ်သူပစ်လဲတော့ မသိလိုက်ဘူး”လို့ နာရေးအိမ်ဝန်းကျင်က ဒေသခံတစ်ဦးက ပြောပါတယ်။

နာရေးအိမ် လောင်းကစားဝိုင်း လူအုပ်ထဲကို ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိ သေနတ်သမား ရောက်လာပြီး ပစ်ခတ်ခဲ့ရာ  ခင်ညိုဦးရဲ့ ဝဲဘက်ရင်ညွန့်နဲ့ ဝဲလက်ဖျံတို့မှာ ကျည်ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် တခြားအမျိုးသားတစ်ဦး လည်း နားထင်မှာကျည်ထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိပြီး နောက်ထပ် အမျိုးသားတစ်ဦးလည်း လက်ဖဝါး သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့အတွက် နာရေးအိမ်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024