မန္တလေးမြို့ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု၊ နှင်းဆီရပ်ကွက်မှာ အောက်တိုဘာ ၅ ရက် မနက် ၇ နာရီခွဲအချိန်လောက်က Non CDM မီးရထားဝန်ထမ်းတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရသူဟာ မီးရထား AE ဦးစံထွန်းမြိုင်ဆိုသူဖြစ်ပြီး မြစ်ငယ်မြို့မစျေးကနေ ဆိုင်ကယ်နဲ့ ပြန်လာချိန် အမည်မသိ လူတစ်စုက သေနတ်နဲ့ ၃ ချက်ပစ်သွားတာလို့ သိရပါတယ်။
CDM မီးရထားဝန်ထမ်းတစ်ဦးက “မီးရထားအသိုင်းအဝိုင်းမှာတော့ သူက စစ်ကောင်စီဘက်တော်သား။ သူ လက်ထောက်ချလို့ အဖမ်းခံရတဲ့ CDM ဝန်ထမ်းတွေ ရှိတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရသူ ဦးစံထွန်းမြိုင်ကို နန်းတွင်းဆေးရုံတင်ပို့ခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။