စစ်ကိုင်းတိုင်း ဟုမ္မလင်းမြိုနယ် နောင်ပိုအောင်ကျေးရွာရှိ ဥရုချောင်းကူးတံတားပေါ်မှာ စက်တင်ဘာလ ၂၈ ရက် မနက်ပိုင်းအချိန်က စစ်ကောင်စီတပ်တွေနဲ့ နောင်ပိုအောင် PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မနက်အစောပိုင်းက နောင်ပိုအောင်မှာရှိတဲ့ PDF အခြေစိုက်စခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ပြီး မကြာခင်မှာ အပြန်အလှန်ပစ်တာလို့ သိရပါတယ်။
“အခုမနက်ခင်းအစောပိုင်းစစ်ကောင်စီက နောင်ပိုအောင်ရှိတဲ့ PDFစခန်းတစ်ခုဝင်စီးတယ်။ အဲဒီမှာ ဝင်စီးပြီးမကြာဘူး ဥရုတံတားပေါ်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့တယ်။ နှစ်ဖက် အကျအဆုံးကတော့ မကြားမိဘူး။” ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် နှစ်ဖက်စလုံးထိခိုက်မရှိဘဲ ဥရုတံတားပေါကို စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားရောက်လာပြီး တံတားကို ဖြတ်သန်းသွားလာခွင့်မပေးတော့ပဲ ပိတ်လိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ နောင်ပိုအောင်ကျေးရွာအတွင်းမှာ လိုက်လံစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုကြပါတယ်။