ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းနိုင်ငံမှပြန်လာတဲ့ ရွေ့ပြောင်းမြန်မာလုပ်သားတွေကို မြန်မာဘက်က စက်တင်ဘာလ ၂၄ ရက်ကစပြီး ထပ်တိုးလက်ခံသွားမယ်လို့သိရပါတယ်။
စက်တင်ဘာ ၂၄ ရက်က ကျား ၁၂၅ ယောက်၊ မ ၁၃၉ ယောက် စုစုပေါင်း ၂၉၁ ယောက် လက်ခံခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ အယောက် ၅၀၀ အထိ တိုးမြှင့်လက်ခံသွားမယ်လို့ မြန်မာဌာနဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ကိုဗစ်ရောဂါအခြေအနေကြောင့် ဖြတ်သန်းသွားရာမှာ အခက်ခဲများစွာ ကြုံတွေ့နေရတဲ့ နောက်ပိုင်း နယ်ခြားသွားလာခွင့်ကို မြန်မာဘက်ကရော ထိုင်းဘက်ကပါလုံခြုံရေးတင်းကျပ်ပြီး ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ပြန်ရာမှာ အခက်ခဲရှိခဲ့တာပါ။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ တစ်ရက်လျှင် ထောင်ဂဏန်းအထိ နေရပ်ပြန်လာကြပြီး ၂၀၂၁ ခုနှစ်မှာတော့ အယောက်၂၀၀ ဦးထက်မနည်း တစ်ရက်ခြား ပြန်လည် လက်ခံခဲ့ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ဝင်ခွင့်မပေးဘဲ ယာယီပိတ်ခဲ့တာလည်း ရှိပါတယ်။
ယာယီပိတ်ပြီးနောက် သြဂုတ် ၁ ရက်နေ့မှာ ပြန်လည်ဖွင့်ပေးရာ တစ်ရက်ခြား အယောက်၂၀၀ ဝန်းကျင်လက်ခံခဲ့ပါတယ်။