မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ တောင်ကြီး-ရွာငံ-ဟံမြင့်မိုရ်သွားလမ်းမှာ စက်တင်ဘာ ၂၂ ရက် ည ၇ နာရီခွဲက စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံက သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးရေးဆောင်ရွက်နေစဉ် ရွာငံဘက်မှ ဟံမြင့်မိုရ်ဘက်သို့ စိုးဝင်း(ခ)စိုးတင့်(ခ)အဗ္ဗဒူလာ မောင်းနှင်လာတဲ့ Probox အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား (ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၆၀၀ သိန်း) နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စိုးဝင်း(ခ)စိုးတင့်(ခ)အဗ္ဗဒူလာ(၅၆)နှစ်အား မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။