Home
မြန်မာသတင်း
ကော့ကရိတ်စည်ပင်ရုံးရှေ့ ဗုံးကွဲ
DVB
·
September 22, 2021
240646898_944113959782211_3741039764669034995_n

ကရင်ပြည်နယ်​၊ ကော့ကရိတ်မြို့၊ စည်ပင်သာယာရုံးရှေ့မှာ စက်တင်ဘာ ၂၂ ရက် မနက် ၁၀ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မျက်​မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက "စည်ပင်ရုံးရှေ့မှာ ဗုံးပေါက်တယ်။ မနက် ၁၀ နာရီလောက်ပဲရှိသေးတယ်။ အသံက အကျယ်ကြီးပဲ။ ထိခိုက်သူ၊ သေဆုံးသူတော့ မရှိဘူး။ ခဏနေတော့ စစ်ကောင်စီတပ်တွေ ရောက်လာတယ်"လို့ ဆိုပါတယ်။

ကျယ်လောင်တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူမရှိပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး စုံစမ်းစစ်ဆေးတာ၊ လုံခြုံရေးရယူပြီး လမ်းသွား လမ်းလာတွေကို စစ်ဆေးနေပါတယ်။

စက်တင်ဘာ ၂၀ ရက် ညပိုင်းက မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ အောင်မြေရွှေဘုံ ၂ လမ်းက နေအိမ်တစ်လုံးမှာ လက်လုပ်မိုင်း စမ်းသပ်​ပြုလုပ်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။ 

ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး  ဒဏ်ရာ​ပြင်းထန်စွာ ရရှိခဲ့သလို စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အပြစ်မဲ့ ပြည်သူတွေကို လိုက်လံဖမ်းဆီးတာတွေကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အမျိုးသားညီညွတ်​ရေးအစိုးရက D-Day ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံအပြားမှာ အကြမ်းဖက် စစ်ကောင်စီဝင်တွေ၊  ဌာနဆိုင်ရာရုံးတွေ၊ မော်တော်ယာဥ်တွေ၊ သတင်းပေးတွေ၊ အဆောက်အဦတွေနဲ့ Mytel တာဝါတိုင်တွေကို ပစ်မှတ်ထား ဗုံးကွဲတာတွေ နေ့စဥ်လိုဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024