စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မြို့မဗိုလ်တဲရပ်ကွက်ထဲမှာ စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က အမျိုးသမီး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
ကူညီလုပ်ကိုင်ပေးခဲ့သူတစ်ဦးက “ကောင်မလေးအမည်က နှင်းထက်ထက်ဝေတဲ့။ အသက်က ၂၆ နှစ်လောက်တော့ ရှိမယ်ဗျ။ ဈေးရောင်းနေတုန်း လူ ၂ ယောက်ကလာပြီး သေနတ်နဲ့ ပစ်သတ်သွားဝာာဗျ။ သေနတ်ထိမှန်တာက ညာဘက်ပခုံးအထက်တစ်ချက်၊ ဘယ်ဘက်ချိုင်းအောက်တစ်ချက်၊ ခါးအောက်နှစ်ချက် စုစုပေါင်းလေးချက်မှန်တယ်ပေါ့။ ကျနော်တို့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ပေမဲ့ နေ့လယ် ၂ နာရီလောက်မှာ ဆုံးသွားပြီ သတင်းကြားရတယ်” လို့ ပြောပါတယ်။
သေဆုံးတဲ့ မနှင်းထက်ထက်ဝေဟာ ကြံ့ခိုင်ရေးပါတီရဲ့စည်းရုံးရေးမှူးတစ်ဦးဖြစ်ပြီး ချောင်းဦးမြို့နယ်အတွင်းမှာ ကြံခိုင်ရေးပါတီစည်းရုံးရေးမှူး အသက်ခံရတာဟာ အခုလ ၁၀ ရက်ကစလို့ ၂၀ ရက်အထိ ပစ်ခတ်မှု ၃ ကြိမ်နဲ့ သေဆုံးသူ ၁ ဦး ဒဏ်ရာရသူ ၃ ဦး ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။