ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၁၅ မြို့နယ်မှာ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်း လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ယာယီပြတ်တောက်နိုင်တယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးချက် ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း ခရိုင်နဲ့ မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ မလွတ်ကင်းတဲ့ သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတာတွေ၊ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ ထိန်းသိမ်းပြုပြင်တာတွေကို မနက် ၉ နာရီကနေ ၁၂ နာရီထိ ဆောင်ရွက်သွားမှာလို့ ဆိုပါတယ်။
အဲဒီလို လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်းမှာ သာကေတ၊ ဒေါပုံ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာပ၊ လမ်းမတော်၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ(အနောက်)၊ ဒါးပိန်၊ မြောင်းတကာ၊ သန်လျင်မြို့နယ်တွေထဲက နေရာတချို့မှာ အချိန်ပိုင်း ယာယီဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်မှာဖြစ်ပြီး အရေးကြီးနေရာတွေ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကိုလည်း အလေးထားစီစဉ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။