Home
မြန်မာသတင်း
NUG အစိုးရအား ထောက်ခံရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ၁၁ ခု တိုက်တွန်း
DVB
·
September 15, 2021
241671975_4352418638178771_2492146492660159869_n
241855438_4352395121514456_3187062044906225477_n

ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံဖို့နဲ့ အကြမ်းဖက် စစ်အုပ်စုကို ကန့်ကွက်ဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ၁၁ ခုက နိုင်ငံတကာ အစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။

စက်တင်ဘာ ၁၅ ရက်ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ အလုပ်သမားအဖွဲ့ချုပ် ၁၁ ခုက မြန်မာနိုင်ငံ အရေးနဲ့ ပတ်သတ်ပြီး ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ သံတမန်ရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ ဆက်ဆံဆောင်ရွက်တာကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြဖို့ အလုပ်သမားအဖွဲ့တွေက တိုက်တွန်းထာတဲ့ စစ်အုပ်စုကိုတည်မြဲစေနိုင်တဲ့ အထောက်အပံ့ဖြစ်စေနိုင်တဲ့ လုပ်ငန်းတွေ၊ ကုန်သွယ်ရေးတွေ၊ ငွေရေးကြေးရေးတွေ၊ စစ်တပ်နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေအားလုံးတို့မှာ ဆက်သွယ်‌ဆောင်ရွ က်တာမပြုလုပ်ဖို့နဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် (၇၅/၂၈၇) ကို လိုက်နာကျင့်သုံးဖို့နဲ့ မြန်မာကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်ရေးပိတ်ဆို့ဖို့လည်း တိုက်တွန်းပါတယ်။

လူသားချင်းစာနာထောက်ထားမှုနဲ့ တခြားကူညီပံ့ပိုးဆောင်ရွက်မှုတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က  တဆင့် ဆက်သွယ်ဆောင်ရွက်ဖို့လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တွေက အကြံပြုထားပါတယ်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်တွေက အခုလို မြန်မာပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြသလိုက်တဲ့အတွက် အားရကျေနပ်မိတယ်လို့  မြန်မာနိုင်ငံက အလုပ်သမားအရေးလှုပ်ရှားသူ ကိုစည်သူနိုင်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024