Home
မြန်မာသတင်း
AYA ဘဏ်မှ ငွေကျပ်သိန်း ၄ သောင်း လုယက်မှု မလုပ်ခဲ့ကြောင်း ပဲခူး PDF ထုတ်ပြန်
DVB
·
September 15, 2021
pago

ပဲခူးဧရာဝတီဘဏ်ခွဲကနေ ရန်ကုန်ကိုပို့ဆောင်မယ့်  ငွေကျပ် သိန်း ၄ သောင်းလောက်  လမ်းမှာဓားပြတိုက်ခံရမှုမှာ  စစ်ကောင်စီက စွပ်စွဲထားသလို မဟုတ်ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ် (BPDF-Black Hinthar) က ထုတ်ပြန်ထားပါတယ်။

ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ (၁) ကနေ တင်ဆောင်လာတဲ့ ကျပ်ငွေ သိန်း ၄ သောင်း လုယက်ခံရမှုတခု မြန်မာစစ်တပ်တပ်စွဲရာ အင်းတကော်မြို့အနီးမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲကနေ ရန်ကုန်ကိုပို့ဆောင်မယ့်  ငွေကျပ်ငွေသိန်း ၄ သောင်းလောက်  လမ်းမှာဓားပြတိုက်ခံမှုနဲ့ ပတ်သက်ပြီး သီလရှင် ၂ ပါးအပါအဝင် ၇ ဦးကို  ဖမ်းဆီးရမိတဲ့ အကြောင်းနဲ့  ပဲခူး PDF အဖွဲ့က လုပ်ဆောင်ခဲ့တာလို့  စစ်ကောင်စီပြန်ကြားရေးက စက်တင်ဘာ  ၁၄ ရက်နေ့ ရက်စွဲနဲ့  စွပ်စွဲထုတ်ပြန်ထားတာပါ။

အခုလို စစ်ကောင်စီရဲ့ စွပ်စွဲချက်ဟာ PDF တပ်ဖွဲ့တွေအပေါ် ပြည်သူတွေ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ကတော့ ဖမ်းဆီးခံရသူတွေဟာ သူတို့အဖွဲ့က မဟုတ်ကြောင်းနဲ့ ပြည်သူလူထုအကျိုးစီးပွားပျက်ပြားစေမယ့် မည်သည့်လုပ်ရပ်မျိုးကိုမှ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024