Home
မြန်မာသတင်း
မကွေးတိုင်း ကြံ့ခိုင်ရေးပါတီရုံးအနီးဗုံးကွဲ၊ ၃ နှစ်သား ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရ
DVB
·
September 14, 2021
241991582_2664090137225764_8317868385866666072_n

မကွေးမြို့မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီ တိုင်းရုံးအနီးမှာ စက်တင်ဘာ ၁၄ ရက် ဒီမနက်ပိုင်း ၈ နာရီကျော်လောက်က  ဗုံးပေါက်ကွဲခဲ့ပြီးတော့   ၂ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဗုံးပေါက်ကွဲမှုမှာ ၃ နှစ်အရွယ်ကလေးတစ်ယောက် အပြင်းထန်ဒဏ်ရာ ရရှိသွားပြီး ပန်းရံလုပ်တဲ့ လူငယ်တစ်ယောက်လည်း ဝမ်းဗိုက်နဲ့  ခြေထောက်ကို ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီပေါက်ကွဲတဲ့ အချိန်မှာ အသံအကြယ်ကြီးကြားလိုက်ရပြီးတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးဘဲ စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီးတွေ လုပ်တာလည်း ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်းပြောဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့  ရုံး၊ ရဲစခန်း၊ ရဲကင်းတွေအနီးကနေ ရှောင်ရှား သွားလာကြဖို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မကွေးမြို့ အဝင်အထွက်ဂိတ်တွေကို အကြမ်းဖက် စစ်အုပ်စုက ပိတ်ဆို့လိုက်ပြီးတော့ လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို အသေးစိတ်စစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024