စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးဟာ စက်တင်ဘာ ၁၂ ရက်မှာ အာဏာဖီဆန် CDM လုပ်ပြီး ပြည်သူဘက်ကို ရပ်တည်လာခဲ့တယ်လို့ CDM ဝန်ထမ်း အသိုင်းဝိုင်းက သိရပါတယ်။
CDM ပြုလုပ်လာတဲ့ မီးသတ်ဝန်ထမ်းတစ်ဦးက “ကျနော်တို့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်ကို မကြိုက်လို့ CDM လုပ်တာ။ အရင်အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေလည်း တက်ကြွစွာ ပါခဲ့တယ်။ အဲလို ပါတဲ့ မီးသတ်ဝန်ထမ်းတွေကို ရာထူတိုး ပိတ်တာတို သင်တန်းပို့တာတို့ လုပ်ခဲ့တယ်။ အဓိကတော့ အာဏာရှင်က အပြစ်မဲ့ ပြည်သူတွေကို ဖိနှိပ်တာ မခံချင်လို့” လို့ ပြောပါတယ်။
အခုလိုဌာနက ထွက်လာပြီးနောက် ပြည်သူတွေရဲ့ကူညီမှုနဲ့ လွတ်မြောက်နယ်မြေ တစ်ခုကို ရောက်နေပြီလို့လည်း သူက ဆိုပါတယ်။
အခုလို CDM လုပ်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေထဲမှာ တပ်ကြပ်ကြီးအဆင့်ရှိသူ၂ ဦး ၊ဒုတပ်ကြပ်၂ ဦး၊ တပ်ကြပ် ၁ ဦးနဲ့တပ်သား ၁ ဦးဖြစ်တယ်လို့ ရေဦးမြိုနယ် CDM တွေကို လုံခြုံရေးယူပေးနေတဲ့သူတွေဆီက သိရပါတယ်။