မွန်ပြည်နယ်၊ ရေးမြို့ရှိ မြို့မရဲစခန်းကင်းတဲကို ဒေသခံ ရေးမြို့ကာကွယ်ရေးအထူးတပ်ဖွဲ့(YSTF) က စက်တင်ဘာ ၁၀ ရက် ညနေ ၆နာရီခွဲလောက်က လျှပ်တစ်ပြက် ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးခွဲတိုက်ခိုက်ပြီးနောက် ရေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)၊ ရေးမြို့ ကာကွယ်ရေးအထူးတပ်ဖွဲ့ (YSTF)တွေနဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ အကြား ၁၅ မိနစ်ကြာလောက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ရေးPDF အဖွဲ့က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ရေးကာကွယ်ရေးအထူးအဖွဲ့တွေ အန္တရာယ်ကင်းစွာ ခွာစစ်နဲ့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး ရဲတွေ ထိခိုက်ကျဆုံးမှုရှိမရှိတော့ မသိရှိရသေးပါဘူး။
စစ်ကောင်စီတပ်လက်အောက်ခံအဖွဲ့တွေရဲ့ ပတ်ဝန်းကျင် အနီးနားမှာ မနေကြဖို့နဲ့ အချိန်မရွေး စစ်ရေးလှုပ်ရှားလာနိုင်တယ်လို့ ရေး PDF က ပြည်သူလူထုကို ကြိုတင်အသိပေးထားပါတယ်