ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စက်တင်ဘာလဆန်းပိုင်းက စတင်ကာ ရှေ့နေ အမျိုးသမီးအပါဝင် လူငယ် ၄ ယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်တပ်သတင်းပေးတွေကို အသက်အာမမခံကြောင်း အမှန်တရားမြတ်နိုးသူများအဖွဲ့က သတိပေးလိုက်ပါတယ်။
စစ်တပ်ရဲ့အမာခံသတင်းပေးတွေက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာဘက်တွေမှာ သူတို့နဲ့အဆင်မပြေတဲ့ နေအိမ်တွေကို ဧည့်စာရင်းစစ်တာတွေ PDF တွေ ပုန်းခိုနေတယ်ဆိုတဲ့ သတင်းပေးတာမျိုးတွေပြုလုပ်လာတာကြောင့် ခုလို သတိပေးရတာဖြစ်တယ်လို့ဆိုပါတယ်။
PDF တပ်ဖွဲ့ဝင် ၁ ဦးက" ဒီလမှာ ပိုဆိုးလာတာ အရင်ဆုံး အမျိုးသမီး ရှေ့နေတစ်ဦးအဖမ်းခံရတယ်။ အဲ့နောက်မှာ လူငယ် ၄ ဦးထက်အဖမ်းခံရတယ် ဒီဒလန်တွေက ပိုဆိုးလာလို့ခုလို သတိပေးစာထုတ်တာပါ၊ စာကတော့ PDF အနေနဲ့ထုတ်ထားမဟုတ်ပါဘူး တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထုတ်တာ''လို့ ပြောပါတယ်။
စစ်တပ်အမာခံသတင်းပေးတွေကို အသက်အာမ မခံကြောင်း သတိပေးစာကို ပစ္စတို ၁ လက် ကျည် ၃ တောင့်နဲ့အတူ ပူးတွဲထုတ်ပြန်ခဲ့ပြီး စာထဲမှာတော့ သတင်းပေးတာတွေမလုပ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ သတိပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ပန်းတနော်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲတာ စစ်တပ်သတင်းပေးတွေကို သတ်တာမရှိသေးမဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တော်တော်များများမှာ ဗုံးပေါက်ကွဲခဲ့ပြီး ဖျာပုံနဲ့ အသုတ်မြို့တွေမှာ စစ်တပ်သတင်းပေးတွေကို သေနတ်နဲ့ပစ်သတ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။