Home
မြန်မာသတင်း
တန့်ဆည်မြို့နယ်အတွင်းက မိုင်တဲလ်တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံရ
DVB
·
September 8, 2021
240509452_1204023860073998_2934217411243453025_n

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးပင်လှကျေးရွာအနီးက မိုင်တဲလ်တာဝါတိုင်ကို စက်တင်ဘာ ၇ ရက် ည ၁၀ နာရီလောက်မှာ မြေအောက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ဗုံးခွဲ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

မိုင်တဲလ်ဆက်သွယ်ရေးကုမ္ပဏီဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင်ဖြစ်နေတာကြောင့် တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးတာလို့ မြေအောက်တော်လှန်ရေး အဖွဲ့က ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ  မနေ့ကတရက်တည်း ဘုတလင်မြို့နယ်က မိုင်တဲလ်တာဝါတိုင် ၁၁ ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

တန့်ဆည်မြို့ပေါ်က ရဲနှစ်ဦး အသတ်ခံရပြီးနောက်ပိုင်း စစ်တပ်က အပြစ်မဲ့သူတွေကို ဖမ်းဆီးတာတွေ လုပ်နေသလို၊ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ မာရှယ်လော ထုတ်ပြန်ထားပြီး နေ့ခင်းဖွင့်တဲ့ ဈေးဆိုင်အချို့ကို အတင်းပိတ်ခိုင်းတာတွေရှိနေကာ ကားအဝင်အထွက်တွေကိုလည်း တင်းကျပ်တဲ့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024