ချင်းပြည်နယ် တွန်းဇံမြို့မရဲစခန်းက ရဲတပ်သား ၅ ယောက်ဟာ NUG အစိုးရက D Day ကြေညာတဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ပြီး ပူးပေါင်းလာတယ်လို့ CDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တွန်းဇံမြို့မ ရဲစခန်းက ရဲတပ်သား ကိမ်ကိမ်းမန်အပါအဝင် ရဲတပ်သား ၅ ယောက်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ထားတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် CDM ပြုလုပ်တာလို့ ဆိုပါတယ်။
ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်ပေါက်မှသာ မိမိတို့ရဲ့ တာဝန်ဝတ္တာရားတွေကို ပြန်လည်ထမ်းဆောင်မယ်လို့ ဖော်ပြထားပါတယ်။