Home
မြန်မာသတင်း
ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး လိုက်နာရမည့် အချက် ၇ ချက် NUG ထုတ်ပြန်
DVB
·
September 7, 2021
Untitled-1-6
240621308_265464312246214_4941033778312931054_n
241180631_265464335579545_141841920943659987_n

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး စစ်မြေပြင်မှာ အထက်အမိန့် နာခံဖို့၊ တပ်ဖွဲ့အပေါ် သစ္စာရှိဖို့အပါအဝင် စည်းမျဉ်း စည်းကမ်းချက် ၇ ချက် တိကျစွာလိုက်နာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး လိုက်နာရမယ့်အချက်တွေကတော့ “အထက်အမိန့်ကိုနာခံပါ၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ၊ အရေးပေါ် လိုအပ်ချက်အရ  အရပ်သားပြည်သူပိုင်ပစ္စည်းများကို  အသုံးပြုရပါက တန်ရာတန်ဖိုးပေးပါ၊ သုံ့ပန်းများကို ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုရ၊ သင့်လျော်သောနေရာတွင် ထိန်းသိမ်းထားရမည်၊ မိမိရဲမေများအပေါ်တွင် ဖြစ်စေ၊ အရပ်သူအမျိုးသမီးများအပေါ်တွင်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း မပြုရ၊ ရန်သူ့ထံမှ  သိမ်းဆည်းရမိသည့်  ငွေ၊ လက်နက်၊ ပစ္စည်းများကို  ဆိုင်ရာတပ်မှူးထံ စာရင်းနှင့်တကွ အပ်နှံရမည်” စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး အထက်ပါ စည်းမျဉ်း စည်းကမ်းတွေကို အစဉ်လိုက်နာစေဖို့အတွက် ဆိုင်ရာတပ်မှူးတွေက နှိုးဆော်ကြပ်မတ်ရမယ်လို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024