Home
မြန်မာသတင်း
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သား ၂၄ ဦး ဖမ်းဆီးခံရ
DVB
·
September 1, 2021
240575898_271821537831535_6732050913445005778_n
238196070_898131617575751_130971880755081558_n

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၄ ယောက် စက်တင်ဘာ ၁ ရက်က ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေတဆင့်  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ကျော်ပြီး ဖဝေါ်တိုက်နယ် (ပူးပဲ့ကျေးရွာ) ရပ်ကွက် (၃) မှာ ဒေသခံ ထိုင်းပြည်သူရဲ့ သတင်းပေးပို့ချက်အရ စစ်တပ်လုံခြုံရေးယူနေစဉ် တရားမဝင် ဝင်ရောက်လာတဲ့  မြန်မာရွှေ့ပြောင်း အလုပ်သမား  အမျိုးသား ၁၆ ဦး အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၄ ဦးကို တွေ့ရှိပြီး ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ကိုယ်ပူချိန်ကျန်းမာရေးစစ်ဆေးပြီး သက်ဆိုင်ရာကို အပ်နင်းကာ ထိုင်းနိုင်ငံ ပြည်တွင်းတရားမဝင်ဝင်ရောက်မှု  စာရွက်စာတန်းမပါတဲ့အတွက် ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူသွားဖို့  ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024