စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ မြို့နယ်တရားရုံးအနီးမှာ ဩဂုတ် ၂၇ ရက် ညနေ ၆ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မြို့နယ်တရားရုံးနဲ့ ပညာရေးမှူးရုံးက မျက်နှာချင်းဆိုင်ဆိုတော့ ဘယ်ရုံးကိုခွဲတယ် အတိအကျမသိပေမဲ့ တရားရုံးဘက်ဖြစ်ဖို့များတယ်။ ထိခိုက်ဒဏ်ရာရ အတည်ပြုဖို့ကတော့ ခက်ခဲတယ်။ လူ တွေလည်း အပြင်ကိုကောင်းကောင်း မထွက်ရဲကြတာ”လို့ တန့်ဆည်မြို့ခံ တစ်ဦးက ပြောပါတယ်။
တန့်ဆည်မြို့နယ်အတွင်းမှာ လတ်တလော စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို ဝင်းရောက် စီးနင်း အကြမ်းဖက်ပစ်ခတ်နေတာဖြစ်လို့ ဒေသခံတွေတိမ်းရှောင်နေကြရသလို တချို့ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခံရတာတွေလည်း ရှိနေပါတယ်။