Home
မြန်မာသတင်း
လက်နက်နှင့်အတူ CDM ပြုလုပ်ခဲ့သည့် ရဲတပ်ကြပ်ကြီး၏မိဘ ဖမ်းဆီးခံရ
DVB
·
August 20, 2021
237084831_226208016181561_8056763383854295296_n

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရဲစခန်းက အာဏာဖီဆန်ရေး (CDM) ပြုလုပ်သွားတဲ့ ရဲတပ်ကြပ်ကြီး ​မောင်သံ (ခ) ဦး​ဇော်ဝင်းမင်းရဲ့ မိဘတွေကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က လာဖမ်းသွားတယ်လို့ သိရပါတယ်။

ရဲတပ်ကြပ်ကြီးဟာ သြဂုတ် ၂၀ ရက် မနက်ပိုင်းက သူကိုင်​​ဆောင်တဲ့ လက်နက်ယူ​ဆောင်ပြီး ပြည်သူ​တွေနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သွားတာကြောင့် ရွာသာယာ​ကျေးရွာမှာ ​နေထိုင်တဲ့ သူ့မိဘ​တွေကို ရဲ​တွေက လာ​ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက "ဒီ​နေ့ ​နေ့လယ် ၁ နာရီ​လောက်က အိမ်စီးကား ၁ စီးနဲ့ ရဲကား ၁ စီး ရွာထဲဝင်လာတာ။ ဘယ်သူ့ဆီလာလို့ ဘာလာလုပ်တာလည်းဆိုတာ အစက ဘယ်သူမှမသိကြဘူး။ ​နောက်မှ ရဲတပ်ကြပ်ကြီးရဲ့ မိဘ ၂ ပါးကို လာဖမ်းတာ သိရသလို အိမ်ထဲက ပစ္စည်း​တွေကိုလည်း ရှာ​ဖွေမှု​ တွေ လုပ်တဲ့အပြင် အိမ်တွင်းပစ္စည်းတချို့လည်း ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။ 

မိဘတွေအပါအဝင် ရွာသားတွေဟာ ရဲတပ်ကြပ်ကြီး ဦး​ဇော်ဝင်းမင်း CDM လုပ်သွားတာ မသိကြဘူးလို့ ဆိုပါတယ်။

“သူ့မိဘ​တွေအပါဝင် ကျ​နော်တို့ရွာက လူ​တွေကလည်း သူ့သား CDM ဝင်သွားတာ မသိကြဘူး။ သူ့ရဲ့ ဖခင် ဦးမြ​လေး နဲ့ မိခင်ဖြစ်သူ ​ဒေါ်​ဌေးရီတို့ကို ဖမ်းဆီးသွားကြတာ။ မိခင်ကြီးက ကျန်းမာ​ရေးမ​ကောင်းဘူး။" 

ရဲတပ်ကြပ်ကြီး ​မောင်သံ(ခ)ဦး​ဇော်ဝင်းမင်းမှာ ဇနီးနဲ့သမီးမိန်းက​လေး ၂ ​ယောက်ရှိပြီး တစ်​ယောက်က နို့စို့အရွယ်​လေးဖြစ်ကာ သူ့မိသားစုက​တော့ ရဲစခန်းထဲမှာပဲ ​နေထိုင်ကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024