စစ်အာဏာရှင်ဆန့်ရှင်ရေး နွေဦးတော်လှန်ရေးကာလမှာ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းကြယ်ပွင့်တွေအတွက် ၄၄/၅ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။
ဒါကတော့ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ ဩဂုတ် ၁၀ ရက် ညနေက အကြမ်းဖက်စစ်ကောင်စီတပ်တွေက လိုက်ဖမ်းစဉ် လူငယ်တွေ တိုက်ပေါ်က ထွက်ပြေးခုန်ချခဲ့တဲ့ ဖြစ်စဉ်မှာ ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းလူငယ်တွေအတွက် ကြေကွဲခြင်း အထိမ်းအမှတ် လှုပ်ရှားမှုအနေနဲ့ လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
ကြွေသွားတဲ့ကြယ်တွေအတွက် ကြေကွဲမှုတွေကို အွန်လိုင်းပေါ်တင်မဟုတ် လက်တွေ့ဖော်ထုတ်ကြတဲ့အနေနဲ့ အိမ်တိုင်းအိမ်တိုင်း မီးမှိတ်ထားပြီး ည ၈ နာရီကနေ ၈ နာရီ ၁၅ မိနစ်အထိ သံပုံးတွေအကျယ်ကြီးတီးကြရင်း ပါဝင်နိုင်မှာဖြစ်ကာ သံပုံးတီးလို့ အပြီးသတ်မှာ "ကမ္ဘာမကြေဘူး "လို့ ၅ ကြိမ်တိတိ အကျယ်လောင်ဆုံးဟစ်ကြွေးကြကာ အာဏာရှင်ကို အပြီးတိုင်မောင်းထုတ်ဖို့ အင်အားပြကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန ချက်အရ ဩဂုတ် ၁၀ ရက်နေ့အထိ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၆၅ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။