စစ်အာဏာရှင်လက်ထက် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ နေရာတွေဆီ လှူဒါန်းနိုင်ဖို့ ရည်ရွယ်ကာ နာမည်ကြီး ပန်းချီဆရာ မုတ်သုံရဲ့ ပန်းချီကားတချပ်ကို ကြမ်း ခင်းဈေးကျပ် ၁၀ သိန်းနဲ့ စတင်လေလံခေါ်ယူထားပါတယ်။
မြန်မာ့ပန်းချီလောကရဲ့ အထင်ကရတယောက်ဖြစ်တဲ့ ဆရာမုတ်သုံရဲ့ ၁၅"x၂၂" အ ရွယ် ရေဆေးပန်းချီကားကိုတော့ “စု”လို့ အမည်ပေးထားတာဖြစ်ပြီး ၂၀၁၃ ခုနှစ်က လက်ရာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေ အရာရာ ခက်ခဲကျပ်တည်းနေတဲ့အချိန်မှာ ပန်းချီကား ရောင်းရငွေ အရင်းအမြတ်ပေါင်း ၁၀၀ ရာခိုင်နှုန်းကို လိုအပ်နေတဲ့ နေရာတွေဆီ လှူဒါန်းသွားမယ်လို့ ပန်းချီကားလေလံစီစဉ်သူ Maung Chomsky အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူက ရေး သားထားပါတယ်။
ပန်းချီကားချစ်သူတွေအနေနဲ့ ပို့စ်ရဲ့ ကောမန့်မှာ စျေးပြိုင်ပေးဝယ်ယူနိုင်မှာဖြစ်ပြီး လာမယ့် ဇူလိုင် ၃၁ ရက်ည ၁၂ နာရီတိတိမှာ လေလံပိတ်သိမ်းမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။