မန္တလေးတိုင်း မိုးကုတ်မြို့ မိုးကုတ်ခါနန်အသင်းတော်က ဖမ်းဆီးခံထားရတဲ့လူငယ် ၃ဦးကို ဇူလိုင်လ ၂၇ရက်နေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ အသင်းတော်က တာဝန်ရှိသူ ပြောပါတယ်။
လူငယ် ၃ ဦးကို ဒလန်အိမ် မီးရှို့တယ်လို့ စွပ်စွဲပြီး ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်အုပ်စုက ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးသွားပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့မှာ လူငယ် ၃ ဦးကို သိန်း ၆၀ နဲ့ ပြန်ရွေးခိုင်း ခဲ့ပေမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ပိုက်ဆံတကျပ်မှမပေးရဘဲ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။
မိုးကုတ်ခါနန်အသင်းတော်က လူငယ် ၃ဦးကိုစစ်အုပ်စုက ဒလန်အိမ်မီးရှို့တယ်လို့ စွပ်စွဲ ဖမ်းဆီးသွားတာဖြစ်ပြီး ဇူလိုင်လ ၂၇ရက်နေ့မှာတော့ ပိုက်ဆံ မပေးရပဲ အာမခံနဲ့ ပြန်လွတ်လာပြီ ဖြစ်တယ်လို့သိရပါတယ်။